Thandaung

Better Burma အဖွဲ့ဝင်များမှသံတောင် မြောက်ပိုင်း အထူးဒေသ ရှိ ဒေသခံများ တာဝန်ကျရဲဘော်များကို  ဆက်သွယ်ခဲ့ပါသည်။   

သတင်းများမှာပါသည့်အတိုင်း သံတောင်နယ်တွင် စစ်ရေးအခြေအနေများမှာ တင်းမှာလျက်ရှိပါသည်။ 

အထူးဒေသရှိ ပြည်သူ့စစ်သည်များမှာလည်း ထိုးစစ်သဖွယ် စစ်ကောင်စီ၏ တပ်များကို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ တပ်များမှာလည်း လက်နက်ကြီးနှင့် နေ့စဉ်ပစ်ခက်လျက်ရှိပါသည်။ 

ထိုကြောင့် စားနပ်ရိက္ခာဖျက်တောက်မှု့များ ၊ အဆက်အသွယ်ဖျက်တောက်မှုများလည်း အကြမ်းဖက်စစ်တပ် က ဆက်တိုက်ပြုလုပ်နေသောကြောင့် ပြည်သူလူထုမှာ ဒုက္ခရောက်လျက်ရှိပါသည်။ 

ထိုအကြောင်းကို နယ်မြေရှိ ရဲဘော်တစ်ဦးမှ အခုလိုပြောပြခဲ့ပါသည်။ “ကျွန်တော်တို့ ပြည်သူတွေ အန္တရာယ်မဖြစ်အောင်တော့ ပြည်သူတွေမရှိတဲ့နေရာတွေမှာပဲ ထိုးစစ်ဆင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တဲ့အခါမှာ ပြည်သူတွေရှိတဲ့နေရာဆီကျသွားတာတို့ ပြည်သူကိုထိမှန်သွားတာတို့ အစရှိသည့်ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေက Camp တွေမှာတောင် သိပ်မနေရဲကြတော့ပါဘူး” 

လိုအပ်သည့် ပစ္စည်းများမှာ အစားအသောက် ၊ အဝတ်အထည်နှင့် ဆေးဝါးတို့ဖြစ်ပါသည်။ အလိုအပ်ဆုံးမှာ ဆေးဝါးဖြစ်ပါသည် ကျန်းမာရေးစောင့်ရှောက်သည့် ဝန်ထမ်းများရှိသော်လည်း ဆေးဝါးလုံလောက်မှုမရှိခြင်း ဝယ်ယူရန်အတွက် အချိန်ပေးရခြင်း စသည့်အတွက်ကြောင့်များလည်း အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ 

Shwe Lan Ga LayComment