အပိုင်း (၇၂) : ထိတ်လန့်ကြောက်ရွံ့မှုဒဏ် ခံနိုင်ရည်စွမ်း

''မြန်မာလူမျိုးတွေက အလွန် ဒဏ်ခံနိုင်စွမ်းရှိတယ်"လို့ Meredith Bunn က စကားဝိုင်း စစချင်းပြောပါတယ်။ ဒီအဖွင့်စကားတွေက နိုင်ငံခြားမှသောတရှင်တွေ နားမလည်နိုင်တဲ့ မြန်မာပြည်အခြေအနေတွေကြား လူထုကအိပ်မက်ဆိုးကြီးကို ဘယ်လိုသည်းညည်းခံနိုင်စွမ်းရှိခဲ့တယ်ဆိုတာ ပိုပြီးနားလည်လွယ်အောင် အနားသတ်ပေးလိုက်တာပါပဲ။ "သူတို့လူကြီးတွေတုန်းက တော်တော်လေး ကျော်ဖြတ်ခဲ့ကြပြီးပြီ။ ပြီးတော့ သူတို့ကို  ရှင်းပြထားတာ အရမ်းကံကောင်းလို့ - 'ကောင်းပြီ၊ ဒါက ငါတို့ လုပ်ခဲ့ဖူးတယ်တွေ၊ ထပ်လုပ်ကြတာပေ့ါ'တဲ့"  

သူတို့ရဲ့ ဒဏ်ခံနိုင်ရည်စွမ်းအားကို ကျွန်တော်တို့အများစု မှန်းဆဖို့ခက်လိမ့်မယ်။ ဒါပေမဲ့ Meredith က သူမဘဝကို ဒီတိုင်းပြည်ထဲမှာ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုတွေပြည့်ဝစွာ တာဝန်ထမ်းနေတဲ့လူတွေနဲ့  အချိန်အကြာကြီးနေခဲ့ပါတယ်။ အမှန်တကယ် ပြောပြဖို့ခက်တဲ့ ထိတ်လန့်စရာမြင်ကွင်းတွေကို သူမကြုံဖူးပါတယ်။ ဗိုက်ဆာလွန်းလို့ ညစ်ပတ်တာတွေ ကောက်စားနေတဲ့ ကလေးလေးတွေကအစ၊ မိန်းကလေးငယ်လေးတွေ ထူးဆန်းစွာ ပျောက်ဆုံးသည်အထိ။ COVID ကူးစက်ခံထားတဲ့လူနာတွေကို လူဦးရေထူထပ်တဲ့နေရာတွေကို ကပ်ရောဂါ ပျံ့နှံ့စေဖို့ ရည်ရွယ်ချက်ရှိရှိ စစ်တပ်ကလွှတ်ထားတာတွေ၊ လူနာတွေကို အောက်စီဂျင်ပြတ်လပ်ပြီး အသက်ရှုကျပ်စေခဲ့တာတွေ ဖြစ်ပါတယ်။ ဒါနဲ့တင်မပြီးသေးဘူး။ အမှန်က ဒီကာလမှာ စစ်ဆေးခံနေရတဲ့သူအတွက် တွေးကြည့်ဖို့ခက်တယ်။     

ရက်စက်ကြမ်းကြုတ်တဲ့ တပ်မတော်အကြောင်း Meredith သိထားတာက ဒီရှည်လျားထွေပြားလာတဲ့ ပဋိပက္ခမှာ သူတို့ရဲ့အင်အားက ၉၀,၀၀၀ အောက် နည်းနေတယ်လို့ ခန့်မှန်းထားပါတယ်။ ထပ်ပြီးသူတို့လက်နက်တွေကလည်း ဒေသခံ တော်လှန်ရေးသမားတွေရဲ့ လက်လုပ်တွေထက် အများကြီးပိုပြီး အဆင့်မြင့်လို့  သူမက တက်ကြွသူတွေကို ဗျူဟာပိုင်းဆိုင်ရာမှာ ထက်မြက်နေစေဖို့ အားပေးပါတယ်။ အခုလက်ရှိမှာ တော်လှန်နေကြတဲ့အဖွဲ့တွေက ပြောက်ကျားလှုပ်ရှားမှုတွေမှာ လုံးဝအခြေခံမရှိတဲ့ သာမန်ရိုးရိုးအရပ်သားတွေနဲ့ ဖွဲ့စည်းထားတာလို့ ထောက်ပြပါတယ်။ 

ဒါကပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)တွေရဲ့ လျစ်လျူရှုခံရပြီး ထောက်ခံမှုနည်းပါးခဲ့တဲ့ အတွေ့အကြုံက ဒီပဋိပက္ခမှာ အဓိကကျသူတွေက ဘယ်သူတွေဆိုတာ စူးစမ်းဖို့ ဖြစ်လာပါတယ်။ သူမက "တက္ကသိုလ်ကျောင်းသားလေးတွေ သူတို့ရဲ့ဘဝတွေကို ရင်းပြီး တတ်နိုင်သလောက် ကူညီဖို့ ကြိုးစားကြတာက တော်တော်လေးကို လေးစားထိုက်သလို ကျမတို့ ဘယ်လောက် ပံ့ပိုးထားသလဲ၊ သူတို့အတွက် အန္တရာယ် ဘယ်လောက်များလဲဆိုတာ မှတ်သားထားဖို့လိုပါတယ်။ ဒါကြောင့်မို့ ဒီရာပေါင်းများစွာသော အသက် ၁၉နှစ်အရွယ်လေးတွေကို မငြင်းသာတဲ့ အန္တရာယ်တောထဲမှာထားဖို့ တကယ်ပဲ ထိုက်တန်သလားဆိုတာ စဉ်းစားရမယ်၊ ပြီးရင် ကောင်းကောင်း လေ့ကျင့်ထားပြီး အလွန်တရာ စွမ်းဆောင်ရည်အားကောင်းနေပြီးသား နေရာကျပြီးသား အဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ဖြစ်ရမှာ။"

ကိုယ့်ဒေသ အသိုင်းအဝိုင်း ကာကွယ်ဖို့ ဒီအဖွဲ့အစည်းတွေ(နဲ့ စစ်တပ်ကို ထိုးစစ်ဆင်နေသူများအပါအဝင်)အကြောင်းပြောရင်း လက်ရှိရုန်းကန်နေတဲ့အထဲအကြမ်းဖက်မှုရဲ့ အခန်းကဏ္ဍက ပုံမှန်လို ဖြစ်နေပါတယ်။ လှုပ်ရှားမှုအစက အကြမ်းမဖက်ပေမဲ့ ပဋိပက္ခထဲကို ၈လထဲ ချဉ်းကပ်နေပြီး  အကြမ်းမဖက်တဲ့ တော်လှန်းရေးက အရာထင်မှာမဟုတ်ဆိုတာ မြန်မာပြည်သူတွေ လက်ခံလာကြပြီ။ ဒီအချိန်မှာ Meredith မဆိုင်းမတွပဲ အပြင်ကသူတွေကို မှတ်ချက်ပေးလိုက်တာက "ခင်ဗျားက လုံခြုံတဲ့နေရက ထိုင်နေရင် 'အကြမ်းမဖက်နဲ့'လို့ ပြောဖို့လွလွယ်တယ်၊ လက်သီးနဲ့ထိုးခံရတာ ခင်ဗျားမဟုတ်ဘူးလေ။ ခင်ဗျားသမီးလေးရဲ့ ခေါင်းကို ပစ်ခံရတာ မဟုတ်ဘူးဆိုရင် 'အကြမ်းမဖက်နဲ့'လို့ ပြောဖို့လွယ်တယ် ။" ဗမာလူမျိုးအများစုက လက်စားချေတုံ့ပြန်ဖို့ထက် အခြေခံလုံခြုံရေးကို ပိုပြီးလိုအပ်နေတာ။  အခြေခံအားဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ဆိုတာ နိုင်ငံတိုင်းနီးပါးမှာ အသိအမှတ်ပြုထားပြီးသားလို့ ပြောပြပါတယ်။ မြန်မာပြည်က အာဏာသိမ်းမှုကို အမေရိကန်မှ  Black Lives Matter၊ အင်္ဂလန်မှ လူမှုရေးမတည်ငြိမ်မှုအမျိုးမျိုး စတာတွေနဲ့ နှိုင်းယှဉ်ပြနေတဲ့ နိုင်ငံခြားသားတွေကြောင့် ကသိကအောက် ဖြစ်တဲ့အကြောင်းပြောပါတယ်။ 

"ဗမာပြည်သူတွေရင်ဆိုင်နေရတဲ့ ဆိုးယုတ်မှုတွေကို ဖော်ပြဖို့ တချို့က သမိုင်းကြောင်းနောက်ပြန်လှန်ပြီး နာဇီတွေနဲ့ နှိုင်းယှဉ်ထားတယ်လို့ ပြောပါတယ်။ ဒီဆင်းရဲဒုက္ခကို ခံစားနေကြရတဲ့ လူမျိုးနဲ့ တိုင်းပြည်အပေါ် နက်နဲစွာ ဆက်စပ်နေသူတဦးအနေနဲ့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သူမ ရှင်းရှင်းကြီးသိပါတယ်။ "ကျမ တပ်မတော်ကို မမုန်းပါဘူး။ အဲ့ဒီထဲက လူတိုင်းကို မမုန်းပါဘူး။ မင်းအောင်လှိုင်ကို မုန်းတာ။ ဘာလို့လဲဆိုတော့ သူက ခေါင်းဆောင်လေ၊ သူ့ထဲက ရုပ်သေးရုပ်တွေကို မုန်းတာ။" စစ်သားအားလုံးက အမိန့်ဖီဆန်ပြီး ဘက်ပြောင်းဖို့ သတ္တိမရှိကြဘူးဆိုတာ သူမနားလည်ပေမဲ့ အကြောင်းပြချက်မရှိ အဆင့်တခုအထိရက်စက်ယုတ်မာနေတဲ့သူတွေလည်းရှိနိုင်တယ်။ "၁၁နှစ်အရွယ် မိန်းခလေးကို  ပြန်ပေးဆွဲ ရက်အတော်ကြာဖမ်းထားပြီးနောက်တော့ ကိုယ်ထိလက်ရောက်နှိပ်စက်မိလို့ သေအောင် မီးရှို့သတ်လိုက်တာ အမိန့်အရတဲ့လား။ အဲ့ဒါ အမိန့်မဟုတ်ဘူး။" 

အခုလိုအချိန်မှာ ဗမာပြည်သူတွေဘက်က ရပ်တည်ဖို့ဆုံးဖြတ်ပြီး တနည်းနည်းကူညီနေတဲ့ ဘယ်နိုင်ငံခြားသားကိုမဆို Meredith ကျေးဇူးတင်ပါတယ်။ တချို့တွေက လုံခြုံတဲ့နေရာမှာနေပြီး တက်ကြွလှုပ်ရှားသူတွေကို ဒီလိုလုပ်သင့်တယ်၊ မလုပ်သင့်ဘူးလို့ ဝေဖန်နေတာမျိုး၊ ဝန်ထမ်းတွေ လစာဆုံးရှုံးတဲ့အတွက် CDM သည် လူသားမဆန်တဲ့လုပ်ရပ်လို့ ပြောဆိုလိုက်တဲ့ လူသိများတဲ့အနောက်တိုင်းသူအမျိုးသမီးတဦးကို ကြည့်ပြီး စိတ်မသက်သာဖြစ်ပါတယ်။ "သူတို့က အလုပ်ဆက်လုပ်ကြမှာ မဟုတ်တော့ဘူး ဒါက အမျိုးသားသပိတ်လေ" Meredith က ဆက်ပြောတယ်။ "ပြီးတော့ ရှင်က အခွင့်ထူးခံနေရာကနေပြီး လူသားမဆန်ဘူးဆိုနေရတာ ဘာလို့လဲ။ သူတို့တွေ ပိုက်ဆံမရဘူးလို့ ထင်လို့လား။ CDM မှာ ပါဝင်ပါမယ်လို့ အစောကတည်းက ကတိပြုထားပြီး CDM လုပ်နေတယ်ဆိုရင် ရန်ပုံငွေ တစိတ်တပိုင်းရမှာလေ။ လေ့လာမှုမရှိတာ တော်တော်လေးကို ရှက်ဖို့ကောင်းတယ်။ ပြီးတော့ သူမနယ်ပယ်မှာ တော်တော်လေး အထင်ကရ ပုဂ္ဂိုလ်၊ ဗမာတွေက သူမကို ကြိုက်ကြတယ်။"

သူများဒုက္ခရောက်တာကို ကြည့်ပြီး သာယာနေတဲ့သူမျိုးကြောင့် Meredith စိုးရိမ်မိပါတယ်။ "ရှင်ကနိုင်ငံခြားသား ပြီးတော့ ဒီတိုင်းပြည်ကို လည်ပတ်ကြည့်ဖို့ ဝင်လာချင်တယ်ဆိုတာက လူသေအလောင်းကောင်ကို အကြောင်းပြချက်မရှိဘဲ ကြည့်ဖို့ကြိုးစားတာနဲ့တူတယ်။ ရှင်က သုဘရာဇာလား၊ သေမှုသေခင်းစစ် အရာရှိလား၊ မဟုတ်ရင် ဘာလို့ကြည့်ချင်တာလဲ။ ဒါက ရှင်နဲ့မဆိုင်ဘူး။" စာနာစိတ်နဲ့ လေ့လာပြီး နားထောင်ပေးရမယ့်အစား တလွဲထင်တာတွေကို ဖြန့်ဝေနေတဲ့ အဲ့ဒီနိုင်ငံခြားသားတွေကြောင့် ဒုက္ခက လျှော့မသွားဘူး။ 

ပိုဆိုးလာနေတဲ့ COVID ကပ်ရောဂါအကြောင်းနဲ့ Meredith တို့အဖွဲ့ ဆေးဝါးအမျိုးမျိုးအပြင် အောက်စီဂျင်စက်တွေနဲ့ ကာကွယ်ဆေးတွေ တင်သွင်းခြင်းများအပါအဝင် ပြည်သူတွေကို ထောက်ပံ့ဖို့ ဘာတွေလုပ်နေလဲဆိုတာ ဆွေးနွေးရင်း စကားဝိုင်းကို အဆုံးသတ်ထားပါတယ်။ တပ်မတော် အရေးယူဒဏ်ခတ်ခြင်းက လွတ်အောင် သူတို့တာဝန်တွေကို မြေအောက်ကနေ ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။ ပြင်းထန်ကပ်ရောဂါကိုစီမံရာမှာ ဆရာဝန်တွေကို ပစ်မှတ်ထားတဲ့အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေက မှောင်ခိုပစ္စည်းဖြစ်ကုန်ပြီး အခုဆို သန်းနဲ့ချီတဲ့ပြည်သူတွေမှာ အိုးအိမ်မဲ့ပြောင်းရွှေ့ ပုန်းအောင်းနေရပါတယ်။ Meredith တွေ့ရှိမှုအရ "မြို့စွန်မြို့ဖျားတွေမှာ သူတို့ဘာလုပ်နေသလဲ ဘယ်သူမှ အာရုံမစိုက်ကြတော့ လမ်းပေါ်မှာ လူတွေကို သူတို့ပစ်သတ်လို့ရနေတယ်။ ဘယ်သူမှ သတိမထားမိကြတော့ ရွာတွေကို မီးရှို့ပြီး သင်္ချိုင်းမြေတွေများလာတာ COVID-19 ကို အာရုံစိုက်နေရတော့ ဘယ်သူမှ သတိမထားမိတော့ဘူး။"

ဒါတွေကြောင့် Meredith အလုပ်တွေများနေပေမဲ့ စိတ်နှလုံးကတော့ ကြည်လင်နေပါတယ်။ ဒီလိုလူတယောက်က သူတို့ဘက်မှာရပ်တည်နေတာ ဗမာပြည်သူတွေ ကံကောင်းပါတယ်။ "ကျမ ပြောပြချင်တာက ကျမလုပ်ချင်တဲ့အလုပ်အားလုံးက လူတွေကို ကူညီတဲ့အလုပ်ပဲ။  "အိုး ငါတကယ်ကို ကူချင်ပါတယ်။ ဘယ်လိုကူရမလဲမသိပေမဲ့ ကြိုးစားပြီး ကူမယ်။"ဆိုတဲ့ တချို့သူတွေ သူတို့မှာလည်း ကူညီနိုင်တဲ့ အနေအထားရှိပါတယ်။

Meredith ရဲ့အလုပ်ကို ပံ့ပိုးမယ်ဆိုရင် သူမရဲ့အဖွဲ့အစည်း Skills for Humanityကို ထည့်ဝင်လှူဒါန်းလို့ရပါတယ် ခင်ဗျာ။

ဒီအပိုင်းမှာ ဖတ်ပြထားတဲ့ ကဗျာလေးကို ဒီမှာ ဖတ်ကြည့်ပါ

Shwe Lan Ga LayComment